အယ်မားရီးယားကို အနိုင်ရခဲ့ပေမဲ့ ဘာစီလိုနာ အသင်းသားတွေအပေါ်ပေါက်ကွဲလာတဲ့ ဇာဗီ

ဘာစီလိုနာအသင်းဟာ ယနေ့မနက်က ယှဉ်ပြိုင်ကစားသွားတဲ့ လာလီဂါပွဲမှာ အမှတ်ပေးဇယားအောက်ဆုံးက အယ်မားရီးယား အသင်းကို အသင်းခေါင်းဆောင် ဝါရင့်ကွင်းလယ်လူ ဆာဂျီယို ရော်ဘတ်တို့ရဲ့ နောက်ကျ အနိုင်ဂိုးနဲ့ ၃ – ၂ ရလဒ်နဲ့ ကပ်အနိုင်ရခဲ့ပါတယ်။ ဒီပွဲမှာ ဘာစီလိုနာဟာ ၂-ကြိမ်တိုင်တိုင် ပွဲကို ဦးဆောင်နိုင်ခဲ့ပေမဲ့ ချေပဂိုးတွေ လွယ်လွယ်နဲ့ ပြန်ပေးပစ်ခဲ့ပါတယ် ။ ၈၃-မိနစ် အရောက်မှာမှ ရော်ဘတ်တိုက အနိုင်ဂိုးကို သွင်းယူပေးခဲ့တာကြောင့် ဘာဆာတို့ ထင်ထားတာထက် ပိုပြီးခက်ခက်ခဲခဲ ရုန်းကစားလိုက်ရတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

Loading

Read more