ကစားသမားဘဝတစ်လျှောက် အပျော်ခဲ့ရဆုံးအသင်းအမည်ကို ထုတ်ဖော်ပြောကြားလာခဲ့တဲ့ အူဘာမီယန်း

အူဘာမီယန်း က သူ့ရဲ့ ကစားသမား ဘဝတစ်လျှောက် ဘာစီလိုနာ မှာ ကစားခဲ့ရတဲ့အချိန်တွေဟာ သူ့အတွက်ပျော်စရာအကောင်းဆုံး အချိန်တွေ ဖြစ်ခဲ့တယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ် ။ ဂါဘွန် လက်ရွေးစင် တိုက်စစ်မှုး အူဘာမီယန်း ဟာ ကစားသမား ဘဝတစ်လျှောက် အေစီမီလန် ၊ ဒေါ့မွန် ၊ မိုနာကို ၊ အာဆင်နယ် ၊ ဘာစီလိုနာ ၊ ချဲလ်ဆီး နှင့် မာဆေးလ်တို့လို့ ဥရောပ ထိပ်တန်း အသင်းကြီးတွေမှာ ကစားခဲ့သူပါ ။ အသက် ၃၄ နှစ် အရွယ် အူဘာမီယန်း ဟာ ကလပ်အသင်းတွေထဲ ဒေါ့မွန်အသင်းမှာ ပွဲအများဆုံး ကစားခဲ့ပြီး ၂၁၃ -ပွဲ ကစား ၊ ၁၄၁ -ဂိုး သွင်းယူနိုင်ခဲ့ပါတယ် ။

Loading

Read more