ပေါင် သန်း ၅၀ -တန် တိုက်စစ်မှူးကို ခေါ်ယူဖို့ စဉ်းစားနေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ဘိုလော့ဂ်နာ အသင်းရဲ့တိုက်စစ်မှူး Joshua Zirkzee (ယောချွှာဇစ်ဇီ) ကို မျက်စိကျနေပြီး စောင့်ကြည့်လျက်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ်။ ဂန်းနားတို့ဟာ လက်တစ်လောမှာ သွင်းဂိုးတွေရဖို့ ရုန်းကန်နေရပြီး ဒီရာသီအသင်း ရဲ့ ဂိုးသွင်းအများဆုံး ကစားသမားက ၆- ဂိုး သွင်းပေးထားတဲ့ ဆာကာ ဖြစ်နေပါတယ်။ လက်ရှိအချိန်မှာလည်း ဂျေးဇု က ဒူးဒဏ်ရာပြဿနာကြုံနေရသလို အန်ကီးတီးယား ကလည်း အာဆင်နယ်အသင်းမှာ ဆက်ရှိဖို့မသေချာ မရေရာတဲ့အနေအထားမှာပါ။ နောက်ဆုံးကစားခဲ့တဲ့ လီဗာပူးနဲ့ ပွဲမှာ အာတီတာ ဟာ ကိုင်ဟားဗတ်ဇ် ကို အထောင်တိုက်စစ်နေရာမှာ ထားကစားခဲ့ပေမဲ့ တိုက်စစ်က ဂိုးရဖို့ ရုန်းကန်ရဆဲဖြစ်ခဲ့ပါတယ်။

Loading

Read more