ဒိုင်လူကြီးရဲ့ ကြီးမားတဲ့ အမှားအပေါ် လီဗာပူးအသင်း အခွင့်‌ကောင်း ယူသွားခဲ့တာ ဖြစ်တယ်လို့ သုံးသပ်လိုက်တဲ့ ဝါရင့် ဒိုင်လူကြီးဟောင်း

ပရီးမီးယားလိဂ် ဒိုင်လူကြီးဟောင်း Mark Clattenburg က နော်တင်ဟမ်ဖောရက်စ် အသင်းကို တစ်ဂိုး ဂိုးမရှိ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ကွင်းလယ် ဒိုင်လူကြီး ပေါလ်တီယာနေး ရဲ့ အမှားအပေါ် လီဗာပူးအသင်း အခွင့်ကောင်းယူသွားခဲ့တာ ဖြစ်တယ်လို့ သုံးသပ်ပြောကြား လိုက်ပါတယ်။

Loading

Read more

ကာရာဘောင်ဖလားဖိုင်နယ်က လီဗာပူးစတားရဲ့ performance ကို အထူး ချီးကျူးလိုက်တဲ့ ဗန်ဒိုက်

ဗာဂျယ်ဗန်ဒိုက်ဟာ မနေ့ညက ချဲလ်ဆီးကို အနိုင်ရရှိခဲ့တဲ့ ကာရာဘောင်ဖလား ဖိုင်နယ်ပွဲစဉ်မှာ စပယ်ရှယ် လက်စွမ်းကို ပြသသွားခဲ့တဲ့ လီဗာပူး ဂိုးသမား ကယ်လီဟာကို အထူး ချီးကျူးသွားခဲ့ပါတယ်။ လီဗာပူးဟာ အချိန်ပိုရဲ့ နောက်ဆုံးမိနစ်ပိုင်းမှာ ဗန်ဒိုက် ခေါင်းတိုက်သွင်းယူခဲ့တဲ့ တစ်လုံးတည်းသော ဂိုးနဲ့ ချဲလ်ဆီးကို အနိုင်ရပြီး ဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။

Loading

Read more

လီဗာပူးနည်းပြသစ် အဖြစ် အသင့်တော်ဆုံးသူကို ပြောပြလိုက်တဲ့ ဂျွန်ဘန်း

ယာဂန်ကလော့ဟာ ပြီးခဲ့တဲ့ အပတ်က ရာသီကုန်မှာ လီဗာပူး ကနေ ထွက်ခွာတော့မှာ ဖြစ်ကြောင်း တရား၀င် ကြေငြာကာ ဘောလုံးလောကကြီးကို အံ့အားသင့်စေခဲ့ပါတယ်။ အဲဒီနောက် လီဗာပူး နည်းပြအဖြစ် ရေပန်းစားတဲ့သူတွေ ထွက်ပေါ်လာခဲ့ကာ ဒီထဲမှာ ဘရိုက်တန် နည်းပြ ဒီဇာဘီ ၊ လေဗာကူဆင် နည်းပြ ဇာဗီအလွန်ဆိုနဲ့ စပါး နည်းပြ ပိုစတီကိုဂလူး တို့လည်း ပါဝင်နေပါတယ်။

Loading

Read more

ကစားသမားတိုင်းကို မန်နေဂျာကပဲ ၀ယ်ယူသင့်တယ်ဆိုတဲ့ အိုင်ဒီယာက မမှန်ဘူးဆိုတဲ့ ဂျေမီကာရေဂါ

ဂျေမီကာရေဂါက မန်နေဂျာတွေကို ကစားသမား အပြောင်းအရွေ့ကိစ္စတွေနဲ့ ပက်သက်လာရင် အလုံးစုံပုံကာ မလွှဲသင့်ဘူးလို့ ဆိုလိုက်ပါတယ်။ လီဗာပူး နောက်ခံလူဟောင်းက လွန်ခဲ့တဲ့ ၂၀၁၇ -က မာဆေးဆိုက်ကို ရောက်လာခဲ့တဲ့ မိုဟာမက်ဆာလားဟာ လီဗာပူး နည်းပြ ယာဂန်ကလော့ ခေါ်ယူချင်တဲ့ ကစားသမား မဟုတ်ခဲ့ဘူးလို့ ပြောခဲ့ပါတယ်။

Loading

Read more

အာဆင်နယ်အသင်းရဲ့ တိုက်စစ်ဟာ ကမ္ဘာ့အဆင့်မဟုတ်ဘူးလို့ ဆိုလိုက်တဲ့ ကာရေဂါ

လီဗာပူးအသင်းရဲ့ နောက်ခံလူ ဂျေမီကာရေဂါ က အာဆင်နယ်အသင်းရဲ့ တိုက်စစ်အစုအဖွဲ့ဟာ ကမ္ဘာ့အဆင့်အနေအထား မရှိသေးဘူးလို့ ယုံကြည်နေပြီး ဂန်းနားကြယ်ပွင့် မာတင်နယ်လီ ဟာ အတော်လေး ရုန်းကန်နေရကြောင်း သုံးသပ်ပြောကြားသွားခဲ့ပါတယ်။

Loading

Read more

ချန်ပီယံဆုအတွက် အာဆင်နယ် အဓိကယှဉ်ပြိုင်ရမဲ့အသင်း

ဂန်းနား ဂန္တဝင်တိုက်စစ်မှူးဟောင်း ဒန်းနစ်ဘားကမ့် က သူ့ရဲ့အသင်းဟောင်း အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်တဲ့ အနေအထားမှာရှိနေပြီး မန်စီးတီးထက်စာရင် လီဗာပူးအသင်း နဲ့ အဓိကယှဉ်ပြိုင်ရလိမ့်မယ်လို့ထင်ကြောင်း ပြောကြားလိုက်ပါတယ်။

Loading

Read more

မန်ယူနိုက်တက် ကစားသမားတစ်ဦးသာ နေရာရနိုင်မယ်လို့ ဆိုလိုက်တဲ့ ဂရေမီဆူးနက်

ဂရေမီဆူးနက်က ယာဂန်ကလော့ ကိုင်တွယ်နေတဲ့ လက်ရှိလီဗာပူးရဲ့ ပွဲထွက် ၁၁ -ယောက်မှာ မန်ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်သာ နေရာရနိုင်စွမ်းရှိတယ်လို့ ဆိုလိုက်ပါတယ်။ လီဗာပူးဟာ လက်ရှိမှာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေပြီး ယနေ့ညမှာ မန်ယူနိုက်တက်ကို အန်ဖီးမှာ လက်ခံကစားရမှာဖြစ်ပါတယ်။

Loading

Read more

‘ 7-0 ဆိုတာ ဖြစ်တောင့်ဖြစ်ခဲ ရလဒ်ပါပဲ’ မန်ယူနိုက်တက်နဲ့ပွဲမတိုင်မီ လီဗာပူးကို သတိပေးလိုက်တဲ့ ယာဂန်ကလော့

ယာဂန်ကလော့က ဝေဖန်မှုတွေ ခံနေရတဲ့ မန်ယူနိုက်တက်ကို အထင်သေးလိုက်မယ်ဆိုရင် မှားယွင်းသွားလိမ့်မယ်လို့ ဆိုလိုက်ပါတယ်။ လီဗာပူးဟာ ဒီတစ်ပတ်တနင်္ဂနွေနေ့မှာ မန်ယူနိုက်တက်ကို အန်ဖီးမှာ လက်ခံကစားရမှာဖြစ်ပြီး တန်းဟတ်ရဲ့အသင်းဟာ ခက်ခဲတဲ့ ရက်သတ္တပတ်ကို ကြုံနေရကာ ဘုန်းမောက်ကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့သလို ချန်ပီယံလိဂ်မှာလည်း ဘိုင်ယန်ကို ရှုံးကာ အုပ်စုနောက်ဆုံးနေရာနဲ့ ထွက်ခွာခဲ့ရပါတယ်။

Loading

Read more

ရင်ဆိုင်ရ အခက်ဆုံးနည်းပြ ၊ ဘောလုံးသမိုင်းကြောင်းရဲ့ အကောင်းဆုံးနည်းပြ အမည်တွေကိုထုတ်ပြောလိုက်တဲ့ ပက်ဂွာဒီယိုလာ

မန်စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ပက်ဂွာဒီယိုလာ က ပြိုင်ဖက် လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ယာဂင်ကလော့ပ် ဟာ ရင်ဆိုင်ရ အခက်ခဲဆုံး နည်းပြဖြစ်ကြောင်း ၊ ယူနိုက်တက် ဂန္တဝင် ဆာအဲလက်စ် ဖာဂူဆန် ကတော့ သမိုင်းကြောင်းရဲ့ အကောင်းဆုံးနည်းပြဖြစ်ကြောင်း ပြောခဲ့လိုက်ပါတယ်။

Loading

Read more

ပရီးမီးယားလိဂ် Title race ကို ခန့်မှန်းသွားခဲ့တဲ့ ရွိုင်ကိန်း

ရွိုင်ကိန်းက အခုဆိုရင် အမှတ်ပေးဇယားမှာ အာဆင်နယ် နဲ့ လီဗာပူး တို့ရဲ့ နောက်ကနေလိုက်နေရတဲ့ မန်ချက်စတာစီးတီးရဲ့ အမှတ်ပေးဖလား အခွင့်အရေးအပေါ် စတင်သံသယဖြစ်လာခဲ့ပြီလို့ ဆိုလိုက်ပါတယ်။ မန်ချက်စတာစီးတီးဟာ မနေ့က အီတီဟတ်မှာ တော့တင်ဟမ် နဲ့ ၃ -ဂိုးစီ သရေကျကာ ရမှတ် ၂ -မှတ် ဆုံးရှုံးခဲ့ပါတယ်။ တချိန်တည်းမှာပဲ လီဗာပူးဟာ ဖူဟမ်ကို နောက်ကျဂိုးတွေနဲ့အတူ ၄-၃ နဲ့ အနိုင်ရခဲ့တဲ့အပြင် အာဆင်နယ်ကလည်း စနေနေ့မှာ ဝုဖ်ကို ၂-၁ နဲ့ နိုင်ခဲ့ပါတယ်။ ဒ့ါကြောင့် ဂန်းနားတို့ဟာ ဇယားထိပ်မှာ ဆက်လက် ဦးဆောင်ထားနိုင်ခဲ့ပြီး လီဗာပူးကတော့ မန်စီးတီးကိုကျော်ကာ ဒုတိယနေရာကို တက်လာခဲ့ပါတယ်။

Loading

Read more