ဟယ်ရီကိန်း ကို လုံးဝကြောက်နေမှာ မဟုတ်ဘူးလို့ စကားစစ်ထိုးလိုက်တဲ့ ဂန်းနား ကပ္ပတိန်

ဂန်းနားကပ္ပတိန် မာတင် အော်ဒီဂတ် က ဒီကြားရက်မှာ ကစားမဲ့ ဘိုင်ယန် မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့် ပထမအကျော့ ပွဲစဉ်မှာ ပြိုင်ဘက်တိုက်စစ်မှူး ဟယ်ရီကိန်း ကို လုံးဝကြောက်ရွှံ့ စိုးရိမ်နေမှာ မဟုတ်ဘူးလို့ ဆိုသွားခဲ့ပါတယ်။ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူးဟာ ဒီရာသီမှာ ပုံစံကောင်းရနေတဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်ပြီး ပြိုင်ပွဲစုံမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် စုစုပေါင်း ၃၈ -ဂိုးအထိ သွင်း ယူထားပါတယ်။ အာဆင်နယ် အသင်းရဲ့ ခါးသီး မြို့ခံပြိုင်ဘက် တော့တင်ဟမ် အသင်းမှာ ကစားခဲ့ဖူးတဲ့ ဟယ်ရီကိန်း ဟာ အာဆင်နယ်အသင်းဘက်ကို ၁၄ -ဂိုး အထိ သွင်းထားဖူးသူလည်းဖြစ်ပါတယ်။

Loading

Read more