ဖူလ်ဟမ် နဲ့ပွဲဟာ ဒီရာသီကစားခဲ့သမျှပွဲ‌ထဲမှာ အဆိုးရွားဆုံးပွဲလို့ ဝန်ခံလိုက်တဲ့ အာတီတာ

အာဆင်နယ်အသင်းနည်းပြ မီခေးလ်အာတီတာ ဟာ ဖူလ်ဟမ် အသင်းကို အဝေးကွင်းမှာ နှစ်ဂိုး တစ်ဂိုး နဲ့ အရေးနိမ့်ခဲ့ပြီးနောက် အသင်းရဲ့ကစားပုံဟာ ဒီရာသီကစားခဲ့သမျှပွဲတွေထဲမှာ အဆိုးရွားဆုံးဖြစ်ခဲ့ကြောင်း ဝန်ခံပြောကြားသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ နောက်ဆုံးနှစ်ပွဲဆက် လန်ဒန်မြို့ခံပြိုင်ဘက် ဝက်စ်ဟမ်း နှင့် ဖူလ်ဟမ် အသင်းတွေကို အရေးနိမ့်ခဲ့ရပြီးနောက် အဆင့်လေးနေရာအထိ ရောက်ရှိသွားခဲ့ကာ ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့အသင်းအ‌ဖြစ်ကနေ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စိုးရိမ်ရတဲ့အနေအထား ရောက်ရှိသွားခဲ့ပါတယ်။ အာဆင်နယ်နည်းပြ အာတီတာ က ပွဲအပြီးမှာတော့ “တကယ့်ကို ခက်ခဲတဲ့နေ့ရက်ပါပဲ။ ဝမ်းနည်းစရာလည်း ကောင်းပါတယ်။ ပြီးခဲ့တဲ့ ၃-ရက်တုန်းက ဝက်စ်ဟမ်း အသင်းကို ၂ -ဂိုးပြတ် အရေးနိမ့်ခဲ့ရပေမဲ့ ကျွန်တော်တို့အနိုင်ရဖို့ လုံးဝထိုက်တန်တဲ့ အနေအထားရှိခဲ့ပါတယ်။ ဒီနေ့ကတော့ ဒီရာသီ အဆိုးရွားဆုံးပွဲပါပဲ” “ဘောလုံးကိုင်ထားချိန်မှာ လုံလောက်တဲ့ လျင်မြန်မှု နဲ့ ခြိမ်းခြောက်မှုတွေကို လုပ်နိုင်ခဲ့ခြင်းမရှိပါဘူး။ ကျွန်တော်တို့ ဘောလုံးကိုင်ကစားတာ တကယ့်ကို လျော့တိလျော့ရဲ

Loading

Read more