အရိပ်မည်းသုံးယောက် (စ/ဆုံး)

ဦးဘကျော်သာသည် ဘူမိဗေဒ အရာရှိဘဝမှ အငြိမ်းစားယူခဲ့ပြီးနောက် နန်းမြို့မြို့သို့ ရောက်နေခဲ့သည်မှာ နှစ်အတန်ကြာခဲ့ပေပြီ။ သူသည် အလုပ်မှ အနားယူပြီးသည့်နောက် ရခိုင်သို့မပြန်ဘဲ ပင်စင်ယူပြီးနာဂတောင်တန်းဘက်၌ ဆက်လက် နေထိုင်ခဲ့ရသည်မှာ အဓိကအကြောင်းရှိပေသည်။ ထိုအကြောင်းကတော့ လူမျက်နှာတောင်သို့ တစ်ခေါက်သွားကာ ရွှေဖြူ ဟု ခေါ်သောပလက်တီနမ်သတ္တုများ သွားရောက်ရှာဖွေရန်အတွက် ဖြစ်ပေသည်။ ထိုနေရာသို့သွားရန် မြေပုံကလည်း ရှိပေသည်။ မြေပုံက သူ့ထံမှာ တစ်ခြမ်း၊ သူနှင့် ခရီးသွားဖော် ဦးရန်နိုင်ဆီမှာ တစ်ခြမ်းရှိလေသည်။ ဦးရန်နိုင်တို့မှာလည်း မဝေးလှသော နေရာ၌ ရှိကြလေသည်။ ၎င်းကလည်း အခါအခွင့်သင့်ပါက ဦးဘကျော်သာနှင့်အတူပူးပေါင်းကာ လူမျက်နှာတောင်ရှိရာသို့ တစ်ခေါက်သွားရန် ရည်မှန်းထားသူဖြစ်ပေသည်။

Loading

Read more