သတင်းတွေ အပေါ် တုန့်ပြန် ပြောကြားလိုက်တဲ့ အာတီတာ

ဂျေးဇု အတွက် ကမ်းလှမ်းမှုတွေကို လက်ခံ စဉ်းစားသွားမယ်ဆိုတဲ့ သတင်းတွေ အပေါ် တုန့်ပြန် ပြောကြားလိုက်တဲ့ အာတီတာ

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အာဆင်နယ် တိုက်စစ်မှူး ဂျေးဇု ဟာ နွေရာသီမှာ အသင်းကနေ ထွက်ခွာတော့မှာဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့ပါတယ်။ အာဆင်နယ်နည်းပြ အာတီတာ ကတော့ အဆိုပါသတင်းတွေကို ငြင်းဆန်လိုက်ပြီး ဂျေးဇု ကို ရောင်းချဖို့အစီအစဉ်မရှိကြောင်း ငြင်းဆို သွားခဲ့ပါတယ်။

Loading

Read more

ဘယ်အသင်း ဗိုလ်စွဲမလဲဆိုတာ ခန့်မှန်း ရွေးချယ်ပေးလိုက်တဲ့ အိုဇေးလ်

မီဆွတ် အိုဇေးလ် ကတော့ ဒီနှစ် ဘောလုံး ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲ မှာ ရီးယဲလ်မက်ဒရစ် အသင်းဟာ ဗိုလ်စွဲဖို့အခြေအနေ အကောင်းဆုံး အသင်းဖြစ်တယ်လို့ ခန့်မှန်းသုံးသပ်လိုက်ပါတယ်။ ဒီတစ်ပတ် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်ဒုတိယအကျော့ပွဲတွေအပြီးမှာ ပီအက်စ်ဂျီ ၊ ဒေါ့မွန် ၊ ရီးယဲလ်မက်ဒရစ် နှင့် ဒေါ့မွန် တို့ဟာ ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းသွားခဲ့ကြပြီး လက်ရှိချန်ပီယံ မန်စီးတီးအပါအဝင် ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အာဆင်နယ်အသင်း တို့ကတော့ ပြိုင်ပွဲကနေထွက်ခွာသွားခဲ့ရပါတယ်။

Loading

Read more

ဘိုင်ယန်မြူးနစ် နဲ့ပွဲမှာပွဲအပေါ် သက်ရောက်မှု ကြီးမားခဲ့တဲ့ သူတို့ရဲ့လွဲချော်မှု တစ်ခုအကြောင်းပြောပြလာတဲ့ အာတီတာ

အာဆင်နယ်အသင်းနည်းပြ အာတီတာ က အိမ်ကွင်း အမ်းမရိတ်တွင် ဘိုင်ယန်မြူးနစ်အသင်း နဲ့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ဘန်ဝှိုက် ရဲ့ အပိုင်အခွင့်အရေး အဆုံးမသတ်နိုင်မှုဟာ ပွဲအပေါ် သက်ရောက်မှု ကြီးမားခဲ့ကြောင်း ပြောကြားသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ဆာကာ ရဲ့ သွင်းဂိုး နဲ့ ပွဲကို ဦးဆောင်နေချိန်မှာ ဒုတိယမြောက် ဦးဆောင်ဂိုး ဖြစ်သွားစေမဲ့အခွင့်အရေးမျိုး ဘန်ဝှိုက် လွတ်လွတ်ကျွတ်ကျွတ် ရခဲ့ပေမဲ့ ဂိုးသမား နော်အာ တည့်တည့်ကိုပဲ ကန်မိခဲ့တာဖြစ်ပါတယ်။

Loading

Read more

ဟယ်ရီကိန်း ကို လုံးဝကြောက်နေမှာ မဟုတ်ဘူးလို့ စကားစစ်ထိုးလိုက်တဲ့ ဂန်းနား ကပ္ပတိန်

ဂန်းနားကပ္ပတိန် မာတင် အော်ဒီဂတ် က ဒီကြားရက်မှာ ကစားမဲ့ ဘိုင်ယန် မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့် ပထမအကျော့ ပွဲစဉ်မှာ ပြိုင်ဘက်တိုက်စစ်မှူး ဟယ်ရီကိန်း ကို လုံးဝကြောက်ရွှံ့ စိုးရိမ်နေမှာ မဟုတ်ဘူးလို့ ဆိုသွားခဲ့ပါတယ်။ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူးဟာ ဒီရာသီမှာ ပုံစံကောင်းရနေတဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်ပြီး ပြိုင်ပွဲစုံမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် စုစုပေါင်း ၃၈ -ဂိုးအထိ သွင်း ယူထားပါတယ်။ အာဆင်နယ် အသင်းရဲ့ ခါးသီး မြို့ခံပြိုင်ဘက် တော့တင်ဟမ် အသင်းမှာ ကစားခဲ့ဖူးတဲ့ ဟယ်ရီကိန်း ဟာ အာဆင်နယ်အသင်းဘက်ကို ၁၄ -ဂိုး အထိ သွင်းထားဖူးသူလည်းဖြစ်ပါတယ်။

Loading

Read more

မန်စီးတီး နဲ့ အာဆင်နယ် ပွဲမှာ ပထမဆုံးဂိုးသွင်းမဲ့ ကစားသမား ၊ ဂိုးရလဒ် ကို ခန့်မှန်းသုံးသပ်လိုက်တဲ့ ဒေးဗစ်ဆီးမန်း

ဂန်းနား ဂန္တဝင်ဂိုးသမား ဒေးဗစ်ဆီးမန်း က ဒီတစ်ပတ် မန်စီးတီးအသင်းရဲ့အိမ်ကွင်း အီတီဟက်မှာ အာဆင်နယ်အသင်းဟာ သရေတစ်မှတ် ရယူနိုင်လိမ့်မယ်လို့ ယုံကြည်မှုရှိနေပြီး ဂန်းနားတို့ဆီမှာ လက်ရှိချန်ပီယံ မန်စီးတီးအသင်းအပေါ် ကြောက်ရွှံရှိန်နေစိတ် လုံးဝမရှိတော့ကြောင်း ပြောကြားလိုက်ပါတယ်။

Loading

Read more

ဘန်ဝှိုက် ပြန်ကစားအောင် ဆွဲဆောင် စည်းရုံးမယ်လို့ ဆိုလိုက်တဲ့ ဒက်ကလန်ရိုက်စ်

ဒက်ကလန်ရိုက်စ် က အင်္ဂလန် အသင်းအတွက် ကစားပေးဖို့ငြင်းဆန်ခဲ့တဲ့ အာဆင်နယ်အသင်းဖော် ဘန်ဝှိုက် တစ်ယောက် နိုင်ငံလက်ရွေးစင် အသင်းအတွက် ပြန်ကစားချင်အောင် ဆွဲဆောင်စည်းရုံးသွားမယ်လို့ ဘယ်ဂျီယံ အသင်းနဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

Loading

Read more

အာဆင်နယ်နဲ့ကစားရမဲ့အပေါ် ဘိုင်ယန်မြူးနစ်နည်းပြ နဲ့ ကပ္ပတိန် တို့ရဲ့မှတ်ချက်များ

မနေ့က ညနေမှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့် မဲခွဲပွဲပြုလုပ်ခဲ့ရာ ပွဲအားလုံးဟာ ပရိသတ်တွေကို ရင်ခုန် စိတ်လှုပ်ရှားမှု အပြည့်ပေးနိုင်တဲ့ ပွဲတွေချည်း ဖြစ်နေခဲ့ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ ဦးဆောင်သူ အာဆင်နယ် အသင်း‌ကတော့ အရင်တုန်းက ပြိုင်ဘက်ဟောင်းကြီး ဘိုင်ယန်မြူးနစ် နဲ့ ထပ်မံတွေ့ဆုံနေပါတယ်။

Loading

Read more

ကွာတားဖိုင်နယ်မှာ အာဆင်နယ် အသင်းကို ရီးယဲလ်မက်ဒရစ် ၊ မန်ချက်စတာ စီးတီး အသင်းတို့နဲ့ မဆုံစေချင်တဲ့ အွန်နရီ

ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတွေဟာ ရီးယဲလ်မက်ဒရစ် နဲ့ မန်ချက်စတာ စီးတီး အသင်းတို့ ဖြစ်တယ်လို့ ဆိုလိုက်ပြီး အဲ့ဒီနှစ်သင်းနဲ့ အာဆင်နယ် အသင်းကို မ‌တွေ့စေချင်ပေမဲ့ အသင်းတိုင်းကို လျှော့တွက်လို့ မရကြောင်း သီယာရီ အွန်နရီ က ပြောကြားလိုက်ပါတယ်။

Loading

Read more

အာဆင်နယ် အသင်းကိုတော့ ချန်ပီယံ မဖြစ်စေချင်ဘူးလို့ ဆိုလိုက်တဲ့ ဝေါလ်ကာ

ကိုင်လီ ဝေါလ်ကာ က အာဆင်နယ်အသင်း ပြီးခဲ့တဲ့နှစ်တွေအတွင်း အသင်းကောင်းတစ်သင်း ဖြစ်လာတာမှာ မန်ချက်စတာ စီးတီးအသင်း ရဲ့လွှမ်းမိုးမှုတွေ အများကြီးပါတယ်လို့ ဆိုလိုက်ပြီး ဂန်းနားတွေထက်စာရင် လီဗာပူးအသင်းကို ချန်ပီယံ ဖြစ်သွားတာကို ပိုပြီးလက်ခံနိုင်ကြောင်း ပြောကြားလိုက်ပါတယ်။

Loading

Read more

အာဆင်နယ်အသင်းကို နောက်တစ်ဆင့် ရောက်အောင် ဆွဲတင်ပေးနိုင်ခဲ့တဲ့ ကစားသမား

အာဆင်နယ် အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်း ပေါလ်မာဆင် က ဂန်းနား ကွင်းလယ်လူ ဒက်ကလန်ရိုက်စ် ဟာ အသင်းကို နောက်တစ်ဆင့် ရောက်အောင် ဆွဲတင်ပေးနိုင်ခဲ့တဲ့ ကစားသမားမျိုးဖြစ်တယ်လို့ ချီးကျူး ပြောကြားလိုက်ပါတယ်။

Loading

Read more
1 2 3 4