အာဆင်နယ် အသင်းကိုတော့ ချန်ပီယံ မဖြစ်စေချင်ဘူးလို့ ဆိုလိုက်တဲ့ ဝေါလ်ကာ

ကိုင်လီ ဝေါလ်ကာ က အာဆင်နယ်အသင်း ပြီးခဲ့တဲ့နှစ်တွေအတွင်း အသင်းကောင်းတစ်သင်း ဖြစ်လာတာမှာ မန်ချက်စတာ စီးတီးအသင်း ရဲ့လွှမ်းမိုးမှုတွေ အများကြီးပါတယ်လို့ ဆိုလိုက်ပြီး ဂန်းနားတွေထက်စာရင် လီဗာပူးအသင်းကို ချန်ပီယံ ဖြစ်သွားတာကို ပိုပြီးလက်ခံနိုင်ကြောင်း ပြောကြားလိုက်ပါတယ်။

Loading

Read more

အာဆင်နယ်အသင်းကို နောက်တစ်ဆင့် ရောက်အောင် ဆွဲတင်ပေးနိုင်ခဲ့တဲ့ ကစားသမား

အာဆင်နယ် အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်း ပေါလ်မာဆင် က ဂန်းနား ကွင်းလယ်လူ ဒက်ကလန်ရိုက်စ် ဟာ အသင်းကို နောက်တစ်ဆင့် ရောက်အောင် ဆွဲတင်ပေးနိုင်ခဲ့တဲ့ ကစားသမားမျိုးဖြစ်တယ်လို့ ချီးကျူး ပြောကြားလိုက်ပါတယ်။

Loading

Read more

ချဲလ်ဆီး ပရိသတ်တွေ အပေါ် တိုက်ခိုက်သွားတဲ့ သောမတ်စ်ဖရန့်

တမြန်နေ့ညက ကစားသွားတဲ့ အနောက်လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ပွဲမှာ ချဲလ်ဆီး အသင်းနဲ့ ဘရန်းဖို့ဒ် အသင်းတို့ တစ်ဖက် ၂-ဂိုးစီ သရေရလဒ်နဲ့ အတူ တစ်မှတ်စီ ခွဲဝေယူသွားကြပါတယ်။ ဒီပွဲမှာ ခြင်္သေ့ပြာတို့ရဲ့ ခြေစွမ်းဟာ ဒုတိယပိုင်းအတွင်း ဆိုးဆိုးရွားရွား ကျဆင်းခဲ့ပြီး ၊ အိမ်ရှင် ပျားတို့ နိုင်လုနီးနီး အနေအထားကို ပိုင်ဆိုင်ခဲ့ပါသေးတယ်။

Loading

Read more

ဒိုင်လူကြီးရဲ့ ကြီးမားတဲ့ အမှားအပေါ် လီဗာပူးအသင်း အခွင့်‌ကောင်း ယူသွားခဲ့တာ ဖြစ်တယ်လို့ သုံးသပ်လိုက်တဲ့ ဝါရင့် ဒိုင်လူကြီးဟောင်း

ပရီးမီးယားလိဂ် ဒိုင်လူကြီးဟောင်း Mark Clattenburg က နော်တင်ဟမ်ဖောရက်စ် အသင်းကို တစ်ဂိုး ဂိုးမရှိ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ကွင်းလယ် ဒိုင်လူကြီး ပေါလ်တီယာနေး ရဲ့ အမှားအပေါ် လီဗာပူးအသင်း အခွင့်ကောင်းယူသွားခဲ့တာ ဖြစ်တယ်လို့ သုံးသပ်ပြောကြား လိုက်ပါတယ်။

Loading

Read more

မူဒရစ်ဒ် က အာဆင်နယ် အသင်းကိုမပြောင်းလိုက်ရလို့ စိတ်ထိခိုက် ကြေကွဲခဲ့ရ

ပြီးခဲ့တဲ့နှစ် ဇန်နဝါရီ အပြောင်းအရွှေ့မှာ မူဒရစ်ဒ် ၊ အာဆင်နယ် နဲ့ ချဲလ်ဆီး အသင်းတို့ရဲ့ သုံးပွင့်ဆိုင် ဇာတ်လမ်းဟာ ပရိသတ်တွေကြားထဲ အတော်လေး ဂယက်ရိုက်ခဲ့တဲ့ကိစ္စပါ။ အပြောင်းအရွှေ့ကာလတစ်လျှောက် မူဒရစ်ဒ် ဟာ အာဆင်နယ် အသင်းထံ ပြောင်းရွှေ့မယ်လို့ သတင်းတွေထွက်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ယူကရိန်းသားဟာ ချဲလ်ဆီး အသင်းထံ ပြောင်းရွှေ့သွားခဲ့တာပါ။

Loading

Read more

ကာရာဘောင်ဖလားဖိုင်နယ်က လီဗာပူးစတားရဲ့ performance ကို အထူး ချီးကျူးလိုက်တဲ့ ဗန်ဒိုက်

ဗာဂျယ်ဗန်ဒိုက်ဟာ မနေ့ညက ချဲလ်ဆီးကို အနိုင်ရရှိခဲ့တဲ့ ကာရာဘောင်ဖလား ဖိုင်နယ်ပွဲစဉ်မှာ စပယ်ရှယ် လက်စွမ်းကို ပြသသွားခဲ့တဲ့ လီဗာပူး ဂိုးသမား ကယ်လီဟာကို အထူး ချီးကျူးသွားခဲ့ပါတယ်။ လီဗာပူးဟာ အချိန်ပိုရဲ့ နောက်ဆုံးမိနစ်ပိုင်းမှာ ဗန်ဒိုက် ခေါင်းတိုက်သွင်းယူခဲ့တဲ့ တစ်လုံးတည်းသော ဂိုးနဲ့ ချဲလ်ဆီးကို အနိုင်ရပြီး ဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။

Loading

Read more

အာဆင်နယ် အသင်းကို စိန်ခေါ် စကားဆိုလိုက်တဲ့ ပေါ်တို ဂိုးသမား

ပေါ်တို အသင်းရဲ့ဂိုးသမား ဒီယေဂို ကော်စတာ ကတော့ ဒီနေ့ညမှာ ကစားမဲ့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပွဲစဉ်မှာ အာဆင်နယ်အသင်း ရဲ့ အားနည်းချက်တွေကို ရှာဖွေဖော်ထုတ်ပြီး အသုံးချသွားမှာ ဖြစ်တယ်လို့ စိန်ခေါ် စကားဆိုလိုက်ပါတယ်။

Loading

Read more

ပရီးမီးယားလိဂ်မှာ ရင်ဆိုင်ရတာ မနှစ်သက်ဆုံး အသင်းနဲ့ အနှစ်သက်ဆုံး အသင်းကို ပြောပြလိုက်တဲ့ မော်ရင်ညို

ဂျိုဆေးမော်ရင်ညိုက သူဟာ ပရီးမီးယားလိဂ် ကလပ်တွေကို ကိုင်တွယ်နေတဲ့ ကာလအတွင်းမှာ စိန့်ဂျိမ်းပက်မှာ သွားကစားရတာ ဘယ်တော့မှ မနှစ်သက်ခဲ့ဘူးလို့ ၀န်ခံလိုက်ပြီး နယူးကာဆယ်ဟာ သူ့အတွက် နတ်ဆိုးလိုပဲလို့ ညွှန်းဆိုသွားခဲ့ပါတယ်။ မော်ရင်ညိုဟာ ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း ချဲလ်ဆီး (၂ ကြိမ်) မန်ယူနိုက်တက် တော့တင်ဟမ် တို့ကို ကိုင်တွယ်ခဲ့သူဖြစ်ပြီး ရိုးမားကနေ ထုတ်ပယ်ခံခဲ့ရပီးနောက် လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေပါတယ်။

Loading

Read more

ယနေ့ည လန်ဒန်ဒါဘီ ပဲလေ့စ် – ချဲလ်ဆီး ပွဲအပေါ် ခန့်မှန်းသွားတဲ့ ပေါလ်မာဆင်

ချဲလ်ဆီးအသင်းဟာ ယနေ့ညမှာ ပရီးမီးယားလိဂ် ပွဲစဉ် ၂၄ -နောက်ဆုံးပွဲ အဖြစ် ခရစ်စတယ် ပဲလေ့စ် အသင်းကို ဆဲလ်ဟာ့စ်ပါ့ခ်မှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၄ ၊ ၅ ရက်ခန့်က ဆိုရင်တော့ ဒီပွဲဟာ နည်းပြရာထူးက အထုတ်ခံရဖို့ ရေပန်းစားနေတဲ့ လန်ဒန်မြို့ခံ ၂-သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုလို့ ဆိုရမှာဖြစ်ပါတယ်။

Loading

Read more

ပေါင်သန်း ၆၀-နဲ့ မခေါ်ယူနိုင်ခဲ့တဲ့ အာဆင်နယ်စတားအကြောင်းကို ပြန်ပြောင်းပြောပြလာတဲ့ ဂျိုဒီမောရစ်

၂၀၂၀ – ၂၀၂၁ ဘောလုံးရာသီဟာ ရိုမန် အေဘရာမိုဗစ်ခ်ျ လက်ထက် ချဲလ်ဆီးအသင်း ငွေသုံးအများဆုံး နှစ်တစ်နှစ် ဖြစ်ခဲ့ပြီး ၊ ထိုမတိုင်ခင် အရှေ့ရာသီမှာ ကစားသမားသစ်ခေါ်ယူခွင့် ပိတ်ခံခဲ့ရတာကြောင့် ယင်းနွေရာသီစျေးကွက်မှာ ကစားသမားသစ် ၇-ဦး ၊ ၈-ဦးထိ အားဖြည့်ခဲ့တာဖြစ်ပါတယ်။

Loading

Read more
1 2 3 4 5 8