မန်ချက်စတာယူနိုက်တက်ကို ရှုံးခဲ့ရတဲ့ အကြောင်းအရင်း

ချဲလ်ဆီးအသင်းဟာ ယနေ့မနက်က ကစားသွားတဲ့ ပရီးမီးယားလိဂ်ပွဲမှာ ၄င်းတို့ကဲ့သို့ ရလဒ်ပိုင်း မတည်မငြိမ်ဖြစ်နေတဲ့ မန်ချက်စတာယူနိုက်တက် အသင်းကို အိုးလ်ထရက်ဖို့ဒ်မှာ စိတ်ပျက်ဖွယ်ခြေစွမ်းနဲ့ အတူ ၂ – ၁ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပါတယ် ။ ဒီပွဲမှာ ခြင်္သေ့ပြာတို့ရဲ့ ခံစစ်ကစားပုံ ၊ ကွင်းလယ်ထိန်းချုပ်အား ၊ ဘောလုံးပေးပို့ပုံတွေ အတော်ဆိုးရွားခဲ့ပါတယ်။ အထူးသဖြင့် ဒီမတိုင်ခင် အသံမျိုးစုံထွက်ခဲ့တဲ့ မန်ယူနိုက်တက်ကို ဂိုးပေါက်ခြိမ်းခြောက်မှု အကြိမ်ရေ ၃၀- နီးနီး ခွင့်ပြုခဲ့ရတာက ပိုချက်တီနိုရဲ့ ချဲလ်ဆီးအဖို့ အတော်စိတ်ပျက်စရာကောင်းခဲ့ပါတယ်။

Loading

Read more