ကစားသမားတိုင်းကို မန်နေဂျာကပဲ ၀ယ်ယူသင့်တယ်ဆိုတဲ့ အိုင်ဒီယာက မမှန်ဘူးဆိုတဲ့ ဂျေမီကာရေဂါ

ဂျေမီကာရေဂါက မန်နေဂျာတွေကို ကစားသမား အပြောင်းအရွေ့ကိစ္စတွေနဲ့ ပက်သက်လာရင် အလုံးစုံပုံကာ မလွှဲသင့်ဘူးလို့ ဆိုလိုက်ပါတယ်။ လီဗာပူး နောက်ခံလူဟောင်းက လွန်ခဲ့တဲ့ ၂၀၁၇ -က မာဆေးဆိုက်ကို ရောက်လာခဲ့တဲ့ မိုဟာမက်ဆာလားဟာ လီဗာပူး နည်းပြ ယာဂန်ကလော့ ခေါ်ယူချင်တဲ့ ကစားသမား မဟုတ်ခဲ့ဘူးလို့ ပြောခဲ့ပါတယ်။

Loading

Read more

မန်ယူနိုက်တက် ကစားသမားတစ်ဦးသာ နေရာရနိုင်မယ်လို့ ဆိုလိုက်တဲ့ ဂရေမီဆူးနက်

ဂရေမီဆူးနက်က ယာဂန်ကလော့ ကိုင်တွယ်နေတဲ့ လက်ရှိလီဗာပူးရဲ့ ပွဲထွက် ၁၁ -ယောက်မှာ မန်ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်သာ နေရာရနိုင်စွမ်းရှိတယ်လို့ ဆိုလိုက်ပါတယ်။ လီဗာပူးဟာ လက်ရှိမှာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေပြီး ယနေ့ညမှာ မန်ယူနိုက်တက်ကို အန်ဖီးမှာ လက်ခံကစားရမှာဖြစ်ပါတယ်။

Loading

Read more

‘ 7-0 ဆိုတာ ဖြစ်တောင့်ဖြစ်ခဲ ရလဒ်ပါပဲ’ မန်ယူနိုက်တက်နဲ့ပွဲမတိုင်မီ လီဗာပူးကို သတိပေးလိုက်တဲ့ ယာဂန်ကလော့

ယာဂန်ကလော့က ဝေဖန်မှုတွေ ခံနေရတဲ့ မန်ယူနိုက်တက်ကို အထင်သေးလိုက်မယ်ဆိုရင် မှားယွင်းသွားလိမ့်မယ်လို့ ဆိုလိုက်ပါတယ်။ လီဗာပူးဟာ ဒီတစ်ပတ်တနင်္ဂနွေနေ့မှာ မန်ယူနိုက်တက်ကို အန်ဖီးမှာ လက်ခံကစားရမှာဖြစ်ပြီး တန်းဟတ်ရဲ့အသင်းဟာ ခက်ခဲတဲ့ ရက်သတ္တပတ်ကို ကြုံနေရကာ ဘုန်းမောက်ကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့သလို ချန်ပီယံလိဂ်မှာလည်း ဘိုင်ယန်ကို ရှုံးကာ အုပ်စုနောက်ဆုံးနေရာနဲ့ ထွက်ခွာခဲ့ရပါတယ်။

Loading

Read more

အာဆင်နယ်တိုက်စစ်မှူးဟောင်း မာလန် နဲ့ ဆန်ချိုတို့ကိုလဲလှယ်ပြီး ငွေဖြုန်းတီးမှုမလုပ်ဖို့ မန်ချက်စတာယူနိုက်တက်ကို သတိပေးလိုက်တဲ့ ဒွိုက်ယော့

ဒွိုက်ယော့က မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ ဂျေဒွန်ဆန်ချို နဲ့ ဒေ့ါမွန်တိုက်စစ်မှုး ဒွန်ရယ်မာလန် တို့ အလဲအထပ် လုပ်သွားဖို့ ရှိနေတဲ့ကိစ္စအပေါ် သတိပေးမှုလုပ်သွားခဲ့ပါတယ်။ ဆန်ချိုဟာ အဲရစ်တန်းဟတ်ရဲ့ ဆက်ဆံရေး ဆိုးရွားနေတာကြောင့် ဇန်နဝါရီမှာ အိုးထရပ်ဖို့ဒ် ကနေ အငှား ဒါမှမဟုတ် အပြီးထွက်ခွာသွားဖို့ ရှိနေပါတယ်။

Loading

Read more

ယူနိုက်တက် ကစားသမားတွေဟာ တန်ဟတ်ကို ဆန့်ကျင်နေကြပြီလို့ ပြောလိုက်တဲ့ လီဗာပူး ကစားသမားဟောင်း

လီဗာပူးအသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်သူ ဟိုဆေးအင်းနရစ် ကတော့ အေဂျက်ဇ် အသင်းရဲ့ နည်းပြဟောင်း ဖြစ်သူ အဲရစ်တန်ဟတ် ဟာ မန်ချက်စတာနိုက်တက်မှာ ကစားသမားတွေနဲ့ အဆင်မပြေဖြစ်နေပြီဖြစ်ကြောင်း သုံးသပ်ပြောကြားသွားခဲ့ပါတယ်။

Loading

Read more

မားကပ်ရပ်ဖို့ဒ်ရဲ့ မန်ချက်စတာယူနိုက်တက်မှာ ရုန်းကန်နေရမှုအတွက် “တင်ရှားဝုဒ်”က “အဲရစ်တန်းဟတ်” ကိုအပြစ်တင်

တင်ရှားဝုဒ်ဟာ ဒီရာသီ မားကပ်ရပ်ဖို့ဒ်ရဲ့ Poor Performance အတွက် အဲရစ်တန်းဟတ်ကို အပြစ်တင်လိုက်ပြီး မန်ချက်စတာယူနိုက်တက် တိုက်စစ်မှုးအနေနဲ့ လာမယ့်နွေရာသီမှာကျင်းပမဲ့ ယူရို ၂၀၂၄ -မှာ အင်္ဂလန်အတွက်ပွဲထွက်ခွင့် မရသင့်ဘူးလို့ ယုံကြည်နေပါတယ်။ ရပ်ဖို့ဒ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ တစ်ဂိုးသာသွင်းယူထားခဲ့ပြီး ယူနိုက်တက်နဲ့အတူ ခြေစွမ်းပြဖို့ရုန်းကန်နေရပါတယ်။

Loading

Read more