ဆရာကြီးတွေကို မြင်တွေ့ရဖို့ ရှိနေတဲ့ အသက် ၃၅+ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး

ဒီနွေမှာတော့ အင်္ဂလန်မြေမှာ အသက် ၃၅ – နှစ်နဲ့ အထက်ရှိကြတဲ့ ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးကို ပထမဆုံးအကြိမ် ကျင်းပသွားဖို့ ရှိနေပြီး ဒီပြိုင်ပွဲမှာတော့ ဘောလုံးသမိုင်းကြောင်းရဲ့ ခမ်းနားလွန်းတဲ့ ကစားသမားတွေကို မြင်တွေ့ရဖို့ ရှိနေပါတယ်။ ဒီပြိုင်ပွဲကြီးမှာတော့ ဖီဖာကမ္ဘာ့ဖလားချန်ပီယံ ဖြစ်ခဲ့ဖူးကြတဲ့ အင်္ဂလန် ၊ အာဂျင်တီးနား ၊ ဘရာဇီး ၊ ပြင်သစ် ၊ ဂျာမဏီ ၊ အီတလီ ၊ စပိန် ၊ ဥရုဂွေး တို့ ၈- သင်း ပါဝင် ယှဉ်ပြိုင်သွားကြဖို့ အစီအစဉ်တစ်ခု ဆွဲထားတယ်လို့သိရပါတယ်။

Loading

Read more