Eternal Sunshine of the Spotless Mind (2004)

သံယောဇဉ်အတိတ်တို့မရှိတဲ့ စိတ်ဝိဉာဉ်ဟာ ထာဝရငြိမ်းချမ်းနေမှာပဲတဲ့….မင်းသားကြီး ဂျင်မီကာရေး မင်းသမီး ကိတ်ဝင်းစလက်တို့ပါဝင်တဲ့ ဒီရုပ်ရှင်ကားကြီးဟာ ဆုတွေတလှေကြီးရထားတဲ့ အချစ်ရိုမန့်ဇာတ်ကားဖြစ်ပြီး ရာစုနှစ်ရဲ့အကောင်းဆုံးရုပ်ရှင်ကားတွေထဲက တစ်ကားဖြစ်ပါတယ်။ အပြင်လောကမှာ ချစ်ရသူကြောင့်အသည်းကွဲပြီး ပြင်းထန်တဲ့စိတ်ကျဝေဒနာခံစားရနေတဲ့ ဂျင်မီကာရေးတစ်ယောက် လုံးဝထိခိုက်ကြေကွဲနေတဲ့အချိန်ကာလမှာ ဒါရိုက်တာ Michael Gondry ဟာ ဒီရုပ်ရှင်ကို စီစဉ်ရိုက်ကူးခဲ့ပါတယ်။ ဒါကြောင့်လည်း ဟာသမင်းသားကြီးလို့ မြင်နေကျ ဂျင်မီကာရေးကို လုံးဝမတူကွဲပြားတဲ့သရုပ်ဆောင်မှုတွေနဲ့ ဒီရုပ်ရှင်မှာ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

Loading

Read more