ပရီးမီးယားလိဂ် Title race ကို ခန့်မှန်းသွားခဲ့တဲ့ ရွိုင်ကိန်း

ရွိုင်ကိန်းက အခုဆိုရင် အမှတ်ပေးဇယားမှာ အာဆင်နယ် နဲ့ လီဗာပူး တို့ရဲ့ နောက်ကနေလိုက်နေရတဲ့ မန်ချက်စတာစီးတီးရဲ့ အမှတ်ပေးဖလား အခွင့်အရေးအပေါ် စတင်သံသယဖြစ်လာခဲ့ပြီလို့ ဆိုလိုက်ပါတယ်။ မန်ချက်စတာစီးတီးဟာ မနေ့က အီတီဟတ်မှာ တော့တင်ဟမ် နဲ့ ၃ -ဂိုးစီ သရေကျကာ ရမှတ် ၂ -မှတ် ဆုံးရှုံးခဲ့ပါတယ်။ တချိန်တည်းမှာပဲ လီဗာပူးဟာ ဖူဟမ်ကို နောက်ကျဂိုးတွေနဲ့အတူ ၄-၃ နဲ့ အနိုင်ရခဲ့တဲ့အပြင် အာဆင်နယ်ကလည်း စနေနေ့မှာ ဝုဖ်ကို ၂-၁ နဲ့ နိုင်ခဲ့ပါတယ်။ ဒ့ါကြောင့် ဂန်းနားတို့ဟာ ဇယားထိပ်မှာ ဆက်လက် ဦးဆောင်ထားနိုင်ခဲ့ပြီး လီဗာပူးကတော့ မန်စီးတီးကိုကျော်ကာ ဒုတိယနေရာကို တက်လာခဲ့ပါတယ်။

Loading

Read more