![](https://jdbkxnews.com/wp-content/uploads/2024/04/ကြီးမားခဲ့တဲ့-သူတို့ရဲ့-လွဲချော်မှု-တစ်ခုအကြောင်း-ပြောပြလာတဲ့-အာတီတာ.webp)
ဘိုင်ယန်မြူးနစ် နဲ့ပွဲမှာပွဲအပေါ် သက်ရောက်မှု ကြီးမားခဲ့တဲ့ သူတို့ရဲ့လွဲချော်မှု တစ်ခုအကြောင်းပြောပြလာတဲ့ အာတီတာ
အာဆင်နယ်အသင်းနည်းပြ အာတီတာ က အိမ်ကွင်း အမ်းမရိတ်တွင် ဘိုင်ယန်မြူးနစ်အသင်း နဲ့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ဘန်ဝှိုက် ရဲ့ အပိုင်အခွင့်အရေး အဆုံးမသတ်နိုင်မှုဟာ ပွဲအပေါ် သက်ရောက်မှု ကြီးမားခဲ့ကြောင်း ပြောကြားသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ဆာကာ ရဲ့ သွင်းဂိုး နဲ့ ပွဲကို ဦးဆောင်နေချိန်မှာ ဒုတိယမြောက် ဦးဆောင်ဂိုး ဖြစ်သွားစေမဲ့အခွင့်အရေးမျိုး ဘန်ဝှိုက် လွတ်လွတ်ကျွတ်ကျွတ် ရခဲ့ပေမဲ့ ဂိုးသမား နော်အာ တည့်တည့်ကိုပဲ ကန်မိခဲ့တာဖြစ်ပါတယ်။