![](https://jdbkxnews.com/wp-content/uploads/2023/12/မော်ရင်ညိုပြောတာမှန်ကြောင်းဖွင့်ဟလာတဲ့ဆောက်ဂိတ်.webp)
မော်ရင်ညို ပြောခဲ့တာမှန်ကြောင်း ဖွင့်ဟလာတဲ့ ဆောက်ဂိတ်
အင်္ဂလန်လက်ရွေးစင်နည်းပြ ဂါရတ်ဆောက်ဂိတ်ဟာ ထိုရာထူးကို လက်ခံထားတဲ့ ၇-နှစ် -အတွင်း မေဂျာ ပြိုင်ပွဲ ၃-ပွဲ အထိ ဆင်နွှဲခွင့်ရခဲ့ပြီး ၂၀၁၈- ကမ္ဘာ့ဖလားမှာ ဆီမီးဖိုင်နယ် ၊ ၂၀၂၂ -ကမ္ဘာ့ဖလားမှာ ကွာတားဖိုင်နယ်သို့ ပို့ဆောင်နိုင်ခဲ့ကာ ၊ ၂၀၂၀ -ယူရိုမှာတော့ ဒုတိယနဲ့ ကျေနပ်ခဲ့ရပါတယ်။ လာမဲ့ နွေရာသီကာလမှာတော့ အင်္ဂလန်တို့ ယူရို ၂၀၂၄ -ဆင်နွှဲဖို့ ရှိပြီး ဒီပြိုင်ပွဲမှာ ဆောက်ဂိတ် အနေနဲ့ နှစ် ၆၀-နီးနီး ဝေးကွာနေတဲ့ မေဂျာပြိုင်ပွဲ အောင်မြင်မှုကိုပြန်လည် စွမ်းဆောင်ပေးဖို့ ကြိုးစားမှာဖြစ်ပါတယ်။